International News

ထိုင်းနိုင်ငံရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (BOI) သည် လျှပ်စစ်မော်တော်ယာဉ် ဘက်ထရီ ထုတ်လုပ်မှုရင်းနှီးမြှုပ်နှံမှုဆိုင်ရာမက်လုံးပေး ဆွဲဆောင်မှုများတိုးမြှင့်ပေး

Last Updated:

ထိုင်းနိုင်ငံရင်းနှီးမြှုပ်နှံဘုတ်အဖွဲ့ (Board of Investment-BOI) သည် လျှပ်စစ်မော်တော်ယာဉ်ဘက်ထရီထုတ်လုပ်မှု (Battery Manufacture) ရင်းနှီး မြှုပ်နှံမှုတိုးမြှင့်စေရန်အတွက် လုပ်ဆောင်လျက်ရှိရာ “BOI Enhances Battery Manufacture Investment Incentives” ခေါင်းစဉ်ဖြင့် ထုတ်ပြန်ကြေညာချက် တစ်ရပ်အား Bangkok Post သတင်းမီဒီယာ၏ Website ၌ ဇွန်လ ၂၂ ရက်နေ့၊ ရက်စွဲဖြင့် ဖော်ပြထားပါသည်။

ထိုင်းနိုင်ငံရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (BOI) သည် အဆင့်မြင့်နည်း ပညာသုံး ဘက်ထရီ ထုတ်လုပ်မှု (Battery Production Using Advanced Technology) အတွက် မက်လုံးပေးဆွဲဆောင်မှု (Incentive) များအား အသိပေးကြေညာ ထားပါသည်။ အဆိုပါထုတ်ပြန်လိုက်သည့် မက်လုံးပေးဆွဲဆောင်မှု (Incentive) အကျိုးခံစားခွင့်များအား အဆင့်မြင့်နည်းပညာသုံးဘက်ထရီထုတ် လုပ်မှုစီမံကိန်းအသစ်များအပြင် Battery Cell များမှ Battery Module များအထိ ဘက်ထရီထုတ်လုပ်မှုကဏ္ဍတစ်ခုထဲတွင် အမျိုးမျိုးကွဲပြားခြားနားစွာ လုပ်‌ဆောင် လျက် ရှိသည့်လက်ရှိစီမံကိန်းများလည်း လျှောက်ထားရယူရန် အကျုံးဝင်ကြောင်းနှင့် ၎င်းတို့အနေဖြင့် အဆင့်မြင့်စွမ်းအင်သိပ်သည်းမှုဘက်ထရီ (High Energy Density Battery) များထုတ်လုပ်မှုကိုလည်း လျှောက်ထားနိုင်မည်ဖြစ်ပါသည်။

ထုတ်ပြန်ကြေညာချက်နှင့် ကိုက်ညီသည့်လုပ်ငန်းများအနေဖြင့် ကုန်ကြမ်းနှင့် လိုအပ်သော ပစ္စည်းများတင်သွင်းခြင်းအတွက် သွင်းကုန်အခွန် (Import Duty) ၉၀% ကင်းလွတ်ခွင့်အား ၅ နှစ်တိတိလျှော့ချ၍ အကျိုးခံစားခွင့်ရရှိ မည်ဖြစ်ပြီး ထွက်ရှိသည့်ထွက်ကုန် (Output) များကို ပြည်တွင်း၌ ၂ နှစ်မှ ၅ နှစ် အထိ ပြန်လည်ရောင်းချ‌‌ပေးရမည်ဖြစ်ပါသည်။

 

 

 

ပြည့်ဖြိုးအောင်

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန

Category: International News